ကျောက်ပန်းတောင်း ၂၃ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)မှ ပထမနှစ်(မေဂျာစုံ) ကျောင်းသား ကျောင်းသူများသည်၊ အမှိုက်ကင်းစင်ရေးနှင့် သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပ စေရေးအတွက် စုပေါင်းအမှိုက်ကောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစတင်၍ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)ရှေ့ ပုပ္ပား-ကျောက်ပန်းတောင်းလမ်းမှ ကောင်းဒိတောင်အထိ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ပွဲကို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)မှ ပထမနှစ်(မေဂျာစုံ) ကျောင်းသားများက စုပေါင်းပြုလုပ်ကြခြင်းဖြစ်ပြီး၊ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး အဆိုပါ စုပေါင်းအမှိုက်ကောက်ပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)မှ ပထမနှစ်(မေဂျာစုံ) ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၃၅)ဦးပါဝင်ခဲ့ကြကြောင်း သိရသည်။
နေမျိုးနွယ်
