ကျောက်ပန်းတောင်း ၂၇ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ မြို့မတောင်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူလေးများအတွက် စာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲကို ဇွန် ၂၇ ရက်၊ နံနက်(၁၀) နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
စာအုပ်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းရာတွင် မြို့မတောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းငွေ + ဒေါ်စန်းစန်း (ခေတ်သစ်ထူး)လက်ဝတ်ရတနာမိသားစုမှ အဆိုပါကျောင်းရှိ KG တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးအတွက် တစ်ဦးလျှင် ဗလာစာအုပ်(၆)အုပ်နှင့် ဘောလ်ပင်၊ ခဲတံ၊ ခဲဖျက်၊ ချွန်စက်များပါရှိပြီး၊ ဒေါ်စန်းစန်း၏ အသက်(၇၀)ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


