ကျောက်ပန်းတောင်း       ဩဂုတ်         ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဩဂုတ် ၂၅ရက် နံနက်ပိုင်းက ယောကျ်ားလေး သုံးမြွှာပူး အောင်မြင်စွာမွေးဖွားနိုင်ခဲ့ကာ ကလေးများနှင့် မိခင်ပါ ကျန်းမာလျက်ရှိကြောင်း သိရသည်။

 

သုံးမြွှာပူးကလေးများ၏ မိခင်မှာ ကျောက်ပန်းတောင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာမှ အသက် ၃၂ နှစ်အရွယ်ရှိ ဒေါ်သိုက်ထွေး (ခ) ဒေါ်သိုက်ဌေးဖြစ်ပြီး ဩဂုတ် ၂၄ ရက်က ကလေးမွေးဖွားရန်အတွက် ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ခဲ့ကာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထူးမြတ်က အောင်မြင်စွာ မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ သုံးမြွှာပူးကလေးများနှင့် မိခင်အား ဩဂုတ် ၂၆ ရက်က မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှင့် အဟာရဖြည့်စွက်စာများ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)