ကော့ကရိတ် ၂၂ စက်တင်ဘာ

 

ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိဗဟုသုတများ ရရှိတိုးပွားစေရေးအတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ယမန်နေ့ မွန်းလွဲပိုင်းက Online မှ တစ်ဆင့် အသိပညာပေး TalkShow ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းရှိန်က ကိုဗစ်-၁၉ ကာလအတွင်း အသိပညာပေး Talk Show ဆွေးနွေးပွဲများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ရဲအုပ်သန်းနိုင်ဆွေက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို လည်းကောင်း၊ မြို့မစခန်းမှ အမှုစစ် အရာရှိ ဒုရဲအုပ်မျိုးအောင်က ယာဉ်ကို ပေါ့ဆစွာ မဆင်မခြင် မောင်းနှင်းမှုကြောင့် အရေးယူရသည့် ပုဒ်မတို့ကို လည်းကောင်း ဆွေးနွေးပြောကြားကြသည်။

 

အဆိုပါ ဆွေးနွေးပြောကြားခြင်းကို ကော့ကရိတ်ခရိုင် ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် Online ဖြင့် တင်ဆက်ပေးထားကြောင်း သိရှိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)