ကော့ကရိတ် ၁၆ ဩဂုတ်
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြမည့် ကော့ကရိတ်ခရိုင်အတွင်းရှိ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များမှ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားသော နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကော့ကရိတ်ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံး တွင် ဩဂုတ် ၁၁ ရက်မှ ၁၆ ရက်အထိ စိစစ်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်ခရိုင်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံရန်အတွက် နိုင်ငံရေးပါတီ (၆)ခု၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် (၂)ဦးမှ ပြည်သူ့လွှတ်တော်တွင် (၁၂)ဦး၊ အမျိုးသားလွှတ်တော်တွင် (၂၃)ဦး၊ ပြည်နယ်လွှတ်တော်တွင် (၂၅)ဦး စုစုပေါင်း ၆၀ အမည် စာရင်းတင်သွင်းထားရှိကြောင်း သိရှိရသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ဩဂုတ်လ ၁၁ ရက်မှ ၁၆ ရက်အထိ ကော့ကရိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လမ်းညွှန်ထားသော လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်သည့် အချက် (၁၆)ချက်နှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကော့ကရိတ်ခရိုင် ပြန်/ဆက်