ကေ့ာကရိတ် စက်တင်ဘာ ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ အိုမီခရွှန်မျိုးကွဲ B4B5 ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် Mask နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက အမှတ်(၃) ရပ်ကွက် အောင်မင်္ဂလာလမ်းဆုံ လမ်းထောင့်တို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေပေးရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ အိုမီခရွှန်မျိုးကွဲ B4B5 ရောဂါပိုး ကြိုတင်ကာကွယ်ရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် ပူးပေါင်းအဖွဲ့ဝင်များက အောင်မဂ်လာ လမ်းဆုံလမ်းထောင့်တို့တွင် သွားလာနေကြသည့် ပြည်သူများနှင့် မုန့်စျေးတန်းဆိုင် ရောင်းချနေသည့်ပြည်သူများ အား Mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာရေး အသိပေးနှိုးဆော်ပြီး Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင် ပြန်/ဆက်)