ကျောက်ထု  ၃ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသတွင် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် ဆောမြို့နယ် သစ်တော ဦးစီးဌာနမှ ကျွန်းပျိုးပင်များ ၂၀၀၀၀ ကို ကျေးရွာ ၄၆ ရွာရှိ ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးထားကြောင်း သိရသည်။

 

ကျောက်ထုမြို့ဒေသတွင် စိုက်ပျိုးနိုင်သောမြေ ၁၇၆၁၆၇ ဧကရှိပြီး ကြိုးဝိုင်းကာကွယ်တောမြေ ၇၁၀၈၆ ဧကရှိသည်။ ယခု ဖြန့်ဝေပေးခဲ့သော ကျွန်းပျိုးပင်များအား တောရိုင်းမြေ၊ ဥယျာဉ်ခြံမြေနှင့် ယာမြေများတွင် စိုက်ပျိုးရန်အတွက် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျောက်ထုဒေသသည် ပူအိုက်စိုစွတ်သည့် ရာသီဥတုရှိပြီး ကျွန်းသစ်စိုက်ပျိုးရန် သင့်လျှော်သောဒေသဖြစ်ကြောင်း၊ ကျွန်းပင်ကို စတင်စိုက်ပျိုးသည့်အချိန်မှစ၍ နှစ် ၄၀ ကျော်ပါက ကျွန်းသစ်ထုတ်ယူအသုံးပြုနိုင်ကြောင်း ဆောမြို့နယ် သစ်တောဦးစီးဌာမှ ဦးစီးအရာရှိ ဦးမောင်ငယ်က ပြောသည်။

 

မောဟေမာန်(ပြန်/ဆက်)