ကျောက်ထု၊ ၃၀ ဇန်နဝါရီ
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ မြို့မရပ်ကွက် နယ်မြေကွင်းအမှတ် ၉၈ တွင် လယ်မြေများ ရေတိုက်စားခြင်းမှ ကာကွယ်ရန် မြေထိန်းရေကာနံရံ ဆောက်လုပ်ထားကြောင်း သိရသည်။
အဆိုပါ မြေထိန်းရေကာနံရံကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ကျပ်သိန်း ၃၀၀ ခွင့်ပြုထားပြီး အလျား ၃၅၀ ပေ၊ အနံ ၂ ပေ နှင့် အမြင့် ၁၁ ပေရှိ သံကူကွန်ကရစ် မြေထိန်းရေကာနံရံ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မြေထိန်းရေကာနံရံ ဆောက်လုပ်ထားသဖြင့် နှစ်စဉ်ဖြစ်လေ့ဖြစ်ထရှိသည့် လယ်မြေဧက ၈၀ ကျော် ချီချောင်းရေ လွှမ်းခြင်း၊ တိုက်စားခြင်းမှ ကာကွယ်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
မောဟေမာန် (ပြန်ဆက်)


