ကျောက်ထု၊  ၃၀  ဇန်နဝါရီ

 

ဂန့်ဂေါခရိုင် ကျောက်ထုမြို့ မြို့မရပ်ကွက် နယ်မြေကွင်းအမှတ် ၉၈ တွင် လယ်မြေများ ရေတိုက်စားခြင်းမှ ကာကွယ်ရန် မြေထိန်းရေကာနံရံ ဆောက်လုပ်ထားကြောင်း သိရသည်။

 

အဆိုပါ မြေထိန်းရေကာနံရံကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ကျပ်သိန်း ၃၀၀ ခွင့်ပြုထားပြီး အလျား ၃၅၀ ပေ၊ အနံ ၂ ပေ နှင့် အမြင့် ၁၁ ပေရှိ သံကူကွန်ကရစ် မြေထိန်းရေကာနံရံ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ မြေထိန်းရေကာနံရံ ဆောက်လုပ်ထားသဖြင့် နှစ်စဉ်ဖြစ်လေ့ဖြစ်ထရှိသည့် လယ်မြေဧက ၈၀ ကျော် ချီချောင်းရေ လွှမ်းခြင်း၊  တိုက်စားခြင်းမှ  ကာကွယ်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

မောဟေမာန် (ပြန်ဆက်)