ကျောက်ထု ၂၂ စက်တင်ဘာ
ယခုရက်ပိုင်းအတွင်း ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ၌ စက်တင်ဘာ ၁၉ ရက်မှစတင်ကာ ယနေ့ထိ မိုးအဆက်မပြတ် ရွာသွန်းလျက်ရှိသဖြင့် မိုးကောင်းသောက်လယ်မြေများအတွက် ရေဝင်ရောက်မှု အဆင်ပြေလျက်ရှိကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။
ကျောက်ထုဒေသရှိ လယ်မြေများတွင် အများစုသည် ဆင်းသုခစပါးမျိုးကို စိုက်ပျိုးကြပြီး ဒေသတွင်း စီးဆင်းသည့် ယောချောင်း၊ ချေချောင်းတို့မှ ရေသွယ်စိုက်ပျိုးကြသည်များရှိသော်လည်း အများစုမှာ မိုးကောင်းသောက် လယ်မြေများဖြစ်ရာ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဝင် ရောက်မှု အဆင်ပြေလျက်ရှိပြီး ကျောက်ထုမြို့စိုက်ပျိုးရေးဦးစီးဌာန မှတ်တမ်းအရ မိုးရေချိန် ၁ ဒသမ ၆ လက်မအထိ ရွာသွန်းမှုရှိကြောင်း သိရသည်။
မောဟေမာန် (ပြန်ဆက်)