ကျောက်တံခါး သြဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာ၌ ဩဂုတ် ၁၉ ရက်က လေဘေးသင့် အိမ်ထောင်စုဝင်များအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ပြိုကျနေအိမ် (၁)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၃)စုရှိ လူဦးရေ (၁၆)ဦး အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၃၃၆၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၂၃၃၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပလပ်စတစ်ပုံးတစ်ပုံးတို့အား ပြိုကျအိမ်ထောင်စု တစ်စုတို့အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သူဌေးကုန်းကျေးရွာတွင် ဩဂုတ် ၁၃ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ဟာရီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးရုံးပေါ်သို့ ကုက္ကိုပင်ကြီးလဲကျခဲ့သဖြင့် ပြိုကျခဲ့ပြီး အနီးနားရှိ နေအိမ် (၃)လုံး မှာလည်း ပြိုကျပျက်စီးခဲ့ခြင်းသည်။
မြို့နယ်(ပြန်/ဆက်)