ကျောက်တံခါး   ၂၃   ဇူလိုင်

လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ရှိ အ.ထ.က(ခွဲ) ဆေးရိုးခင်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1914

 

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက ယနေ့အချိန် လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်များ ဖြစ်ပေါ်နေသည့်အတွက် ကျောင်းသား ကျောင်းသူများ အနေဖြင့် ကြိုတင်သိရှိပြီး ကာကွယ်နိုင်ရန်အတွက် ယခု ဟောပြောပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက လူကုန်ကူးမှုအဓိပ္ပာယ်၊ လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်မည့် အချက်များ၊ မူးယစ်ဆေးဆိုသည်မှာ၊ မူးယစ်ဆေးဝါအန္တရာယ်တို့ကို ရှင်းလင်းဟောပြောခဲ့သည်။

 

5902

 

အခမ်းအနားတွင် လူကုန်ကူးမှုအန္တရာယ်နှင့် လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျောက်တံခါး (ပြန်/ဆက်)