ကျောက်တံခါး ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ကညင်ကျိုးကျေးရွာအုပ်စု၊ လှေတန်းကျွန်းကြီး ကျေးရွာ စစ်တောင်းမြစ်ကူး ကူးတို့ဆိပ်၌ ဇူလိုင် ၉ ရက် နံနက်ပိုင်းက PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့်မိုင်း နင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မိသားစုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရွေကျင်မြို့နယ် ဟင်္သာဝဲကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာနေ မအငယ်မ (ခ) မချစ်သက်သက်အောင်နှင့် သားဖြစ်သူ မောင်အောင်ဆန်းလင်းမိသားစုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံသည့် ငွေကျပ် ၁၀ သိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံသည့် ငွေကျပ် တစ်သိန်း စုစုပေါင်း ငွေကျပ် ၁၁ သိန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)