ကျောက်တံခါး ဇွန် ၉
ကျောက်တံခါးမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား ကျောင်းသူများအား သတ်မှတ်စုရပ်နေရာများတွင် ဇွန် ၂ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိရာ ဇွန် ၉ ရက်တွင် ဇရပ်ကုန်း(မူလွန်) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၉၀ ကို မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျထိုးနှံပေးလျက်ရှိသည်။
ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား ကျောင်းသူ ဦးရေမှာ ၁၃၈၉၄ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)