ကျောက်တန်း ဇွန် ၁၄

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဝဲကြီး ကျေးရွာအုပ်စု ကွင်းပေါက်ကျေးရွာ မြစိမ်းရောင် (ငါးကဏ္ဍ) အတိုးရငွေဖြင့် ကျေးရွာအတွင်း မင်္ဂလာ လမ်းမပေါ်ရှိ အနာဂတ်သစ် စာကြည့်တိုက်​ဟောင်း ပြန်လည်ပြုပြင်ခြင်း (၁၄ x ၂၄ x ၁၀) ပေ လုပ်ငန်းပြီးစီး၍ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၉ ရက်က အဆိုပါကျေးရွာ၌ ကျင်းပသည်။

 

အခမ်းအနားကို ကျောက်တန်း မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်နိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြစိမ်းရောင်(ငါးကဏ္ဍ) ကော်မတီ အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အဆိုပါ အနာဂတ်သစ် စာကြည့်တိုက်​ဟောင်း ပြန်လည်ပြုပြင်ခြင်းကို မြစိမ်းရောင် (ငါးကဏ္ဍ) အတိုးရငွေမှ ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်လည်ပြုပြင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာရှိ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြုပြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သန့်ဇင်ထွန်း