ကျောက်တံတား ၂၈   ဇွန်

ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့်အညီ အ​ခြေခံပညာ​ကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေး ဆွေးနွေးခြင်းကို ဇွန် ၂၈ ရက်​​နေ့ နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

 

အဆိုပါ​ဆွေး​နွေးပွဲတွင် Grade-7 သင်ရိုးသစ် face to face သင်တန်းတက်​ရောက်ပြီးစီးသည့် ဆရာ/ဆရာမများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်​ရေးအတွက် လိုက်နာ​​ဆောင်ရွက်ရမည့် အချက်များ၊ ​ရှောင်ကြည်ရမည့်အချက်များ၊ သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာများအကြောင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို  မြို့နယ်ပြည်သူ့ ကျန်းမာ​ရေးဦးစီးဌာန မှ ​ဒေါက်တာမင်းမင်းထွန်းက အ​သေးစိတ်ရှင်းလင်း ​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။

ရွှေနန်း​မေ(ပြန်/ဆက်)