ကျောက်တံတား ၂၈ ဇွန်
ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့်အညီ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေး ဆွေးနွေးခြင်းကို ဇွန် ၂၈ ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် Grade-7 သင်ရိုးသစ် face to face သင်တန်းတက်ရောက်ပြီးစီးသည့် ဆရာ/ဆရာမများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကြည်ရမည့်အချက်များ၊ သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာများအကြောင်းနှင့် ကာကွယ်ရေးနည်းလမ်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မှ ဒေါက်တာမင်းမင်းထွန်းက အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရွှေနန်းမေ(ပြန်/ဆက်)


