ကျောက်တံတား ၂၇ သြဂုတ်
ရာသီတုပ်ကွေးရောဂါ (H1N1) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းအဖွဲ့များက လူစည်ကားရာ နေရာများဖြစ်သော မဟာဗန္ဓုလပန်းခြံရှေ့ကားမှတ်တိုင်၊ ဈေးဆိုင်များနှင့် YBS မော်တော်ယာဉ်လိုင်းများတွင် ခရီးသွားပြည်သူများထံ လက်ဝယ်အရောက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အများပြည်သူ ဝင်ထွက်သည့် နေရာများတွင် အသိပညာ ပေးစာစောင်များ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


