ကျောက်တန်း ၈ ဇွန်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် သစ်တောဦးစီးဌာန(သန်လျင်)က ကြီးမှူးဆောင်ရွက်သော ၂၀၁၉ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကိုကျောက်တန်းမြို့နယ် ဘန့်ဘွေးကုန်းရေလှောင်တမံကြိုးဝိုင်း၌ ယနေ့ နံနက် ၈ နာရီ အချိန်က ကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်ဌာနဆိုင်ရာမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ရွာသူရွာသားများ တက်ရောက်ခဲ့ကြပြီး သတ်မှတ်ပေးထားသော နေရာများတွင် မဟော်ဂနီ၊ ယူကလစ်၊ ပျဉ်းမ၊ ပိတောက်၊ ပျဉ်းကတိုးနှင့် အော်ရီရှားပင် စုစုပေါင်း ပျိုးပင် ၅၀ဝ ခန့်ကို ပျော်ရွှင်စွာ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
နန်းအေးခိုင်(ကျောက်တန်း)