ကောလင်း  ၂၇  ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကောလင်းမြို့နယ်အတွင်း ကျေးရွာ ၆ ရွာတွင်    သောက်သုံးရေဖူလုံစွာရရှိရေး အတွက်     ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ   ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ်   ၁၀၂ သန်းကျော်ဖြင့် ဆောင်ရွက်နေကြောင်း   ကောလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန  မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်ထံမှ သိရသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇန်နဝါရီလမှစတင်၍  မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာတွင် ရေရရှိရေးလုပ်ငန်း ၆ ခုကို ငွေကျပ် ၁၀၂ ဒသမ ၄ သန်းဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်း လုပ်ငန်း၊ ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

 

mdn

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာ ၆ ရွာရှိ အိမ်ခြေ  ၈၂ဝ နှင့် လူဦးရေ   ၄၃၃၀ တို့အတွက်   သောက်သုံးရေဖူလုံစွာရရှိမည်ဖြစ်သည်။

 

ကောလင်းမြို့နယ်၌ နှစ်စဉ်နွေရာသီကာလတွင် သောက်သုံးရေရှားပါးမှုကို ကြုံတွေ့ရသည့် ကျေးရွာများ၊  သောက်သုံးရေ ခက်ခဲသောကျေးရွာများကို သောက်သုံးရေရရှိရေးလုပ်ငန်းများ ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ကောလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန     မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်က ပြောသည်။      

  

မြင့်ထွန်းမင်း(ကောလင်း)