ကောလင်း  ၁  ဇူလိုင်    

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ၂၀၁၉ ခုနှစ်၊ မိုးစပါးကို ၉၉၁၅၄ ဧက စိုက်ပျိုးနိုင်ရန် လျာထားသော်လည်း ယခင်နှစ်၊ ၂၀၁၈ခုနှစ် ကာလတူစိုက်ပျိုးပြီးစီးမှုအောက် လျော့နည်းနေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

 

ကောလင်းမြို့နယ်၏ ၂၀၁၈ ခုနှစ်၊ ဇွန်လကုန်အထိ မိုးစပါးစိုက်ပျိုးပြီးစီးမှုမှာ ၁၄၉၀၉ ဧကရှိပြီး ၂၀၁၉ ခုနှစ်တွင် ၇၆၃၈ ဧကရှိ၍ ကာလတူစိုက်ပျိုးနိုင်မှု ၇၂၇၁ ဧကလျော့နည်းလျက်ရှိသည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လကုန်အထိ မိုးရွာသွန်းမှု မိုးရေချိန်လက်မမှာ ၂၅ ဒသမ ၆၅ လက်မရှိပြီး ၂၀၁၉ ခုနှစ်၊ ကာလတူမိုးရေ ချိန်လက်မမှာ ၁၅ ဒသမ ၁၇ လက်မရှိ၍ ယခင်နှစ်ကထက် မိုးရေချိန် ၁၀ လက်မကျော် လျော့နည်းလျက်ရှိ၍ မိုးစပါးစိုက်ပျိုးနိုင်မှု လျော့နည်းရခြင်းဖြစ်ပြီး၊ ဆည်တိုကျေးရွာနေ တောင်သူ ဦးအောင်ဝင်းမှ ယခင်နှစ်လောက် မိုးစပါးစိုက်ပျိုးနိုင်မှုမရှိသေးသော်လည်း တောင်သူများအနေဖြင့် အသင့်စိုက်ပျိုးနိုင်ရေးအတွက် ပျိုးထောင်ထားလျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)