ကောလင်း ၃ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းနှင့် ဝန်းသိုမြို့နယ်တို့၌ ယနေ့ မွန်းလွဲ ၁နာရီခွဲခန့်က ဝန်းသိုမြို့နယ် တွင် မိုးရေချိန်(၃.၈၈)လက်မနှင့် ကောလင်းမြို့နယ်တွင် မိုးရေချိန်(၁.၈၀)လက်မ ရွာသွန်းခဲ့သဖြင့် ကောလင်းမြို့နယ် ကျော်ဇေယျာ(၁)၊ ကျော်ဇေယျာ(၂)ရပ်ကွက်နှင့် မင်းတဲကြီးရပ်ကွက် အနိမ့်ပိုင်းရပ်ကွက်များ၌ ရေများ ၂ ပေ မှ ၃ ပေ အထိဝင်ရောက်လျက်ရှိသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကောလင်း-ဝန်းသို ကားလမ်းမကြီးပေါ် ရေကျော်လျက်ရှိသည့် နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကောလင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်သေး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများ သွား/လာရေး အဆင်ပြေစေရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)


