ကော့မှူး  ၂ အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး ၊တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဗဟိုစာကြည့်တိုက်နှင့် ရွေ့လျားစာကြည့်တိုက်ယာဉ်များအတွက် အောက်တိုဘာ (၂)ရက် နံနက်ပိုင်းက  စာရေးဆရာမ   ကောင်းကင်မေ   (စီးပွားရေး တက္ကသိုလ်)မှ  စာအုပ်များ  ပေးပို့ လှူဒါန်း ခဲ့ ကြောင်း သိရသည်။

 

ထိုသို့  လှူဒါန်းရာတွင်  စာရေးဆရာမ  ကောင်းကင်မေ ( စီးပွားရေးတက္ကသိုလ် )မှ   ငွေကျပ် တစ်သိန်းကျော်   တန်ဘိုးရှိ   သုတ/ရသစာအုပ်    ၄၆ အုပ်အား     ရန်ကုန်မြို့နေ     စာရေး ဆရာမ ခင်လပြည့်ဝန်း ထံမှတစ်ဆင့်   ကော့မှူး မြို့နယ်   ပြန် /ဆက်ဦးစီးဌာနသို့    ပေးပို့ လှူဒါန်း ခဲ့ကြောင်း သိရသည်။

 

    “စာဖတ်ချင်တဲ့  သူတွေ လက်ဝယ်အရောက်   သုတ /ရသ စာအုပ်လေးတွေ   ရောက်စေ ချင်တယ်။ အသိပညာ၊  ဗဟုသုတတွေ ဒီထက် တိုးပွားစေချင်တယ်။ ဒါ့အပြင်  ကော့မှူးမှာ   ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းထံမှ  ရွေ့လျားစာကြည့်တိုက်   ယာဉ်တွေကို   ပြန်/ဆက်က လွဲပြောင်း ရယူပြီး စာဖတ်ရှိန် မြင့်မားရေး လုပ်ငန်းကို   ဆောင်ရွက်နေတာတွေ   လေ့လာသိရှိရလို့    တတ်နိုင်တဘက်ကနေ ယခုလိုစာအုပ်များ လှူဒါန်းခြင်းဖြစ်ပါတယ်ဟု စာရေး ဆရာမ ကောင်းကင်မေ (စီးပွားရေးတက္ကသိုလ်) က ပြောကြားခဲ့သည်။

                                                                                                                                     (မောင်အေးချမ်း)