ကော့မှူး ၂ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး ၊တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဗဟိုစာကြည့်တိုက်နှင့် ရွေ့လျားစာကြည့်တိုက်ယာဉ်များအတွက် အောက်တိုဘာ (၂)ရက် နံနက်ပိုင်းက စာရေးဆရာမ ကောင်းကင်မေ (စီးပွားရေး တက္ကသိုလ်)မှ စာအုပ်များ ပေးပို့ လှူဒါန်း ခဲ့ ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် စာရေးဆရာမ ကောင်းကင်မေ ( စီးပွားရေးတက္ကသိုလ် )မှ ငွေကျပ် တစ်သိန်းကျော် တန်ဘိုးရှိ သုတ/ရသစာအုပ် ၄၆ အုပ်အား ရန်ကုန်မြို့နေ စာရေး ဆရာမ ခင်လပြည့်ဝန်း ထံမှတစ်ဆင့် ကော့မှူး မြို့နယ် ပြန် /ဆက်ဦးစီးဌာနသို့ ပေးပို့ လှူဒါန်း ခဲ့ကြောင်း သိရသည်။
“စာဖတ်ချင်တဲ့ သူတွေ လက်ဝယ်အရောက် သုတ /ရသ စာအုပ်လေးတွေ ရောက်စေ ချင်တယ်။ အသိပညာ၊ ဗဟုသုတတွေ ဒီထက် တိုးပွားစေချင်တယ်။ ဒါ့အပြင် ကော့မှူးမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းထံမှ ရွေ့လျားစာကြည့်တိုက် ယာဉ်တွေကို ပြန်/ဆက်က လွဲပြောင်း ရယူပြီး စာဖတ်ရှိန် မြင့်မားရေး လုပ်ငန်းကို ဆောင်ရွက်နေတာတွေ လေ့လာသိရှိရလို့ တတ်နိုင်တဘက်ကနေ ယခုလိုစာအုပ်များ လှူဒါန်းခြင်းဖြစ်ပါတယ်”ဟု စာရေး ဆရာမ ကောင်းကင်မေ (စီးပွားရေးတက္ကသိုလ်) က ပြောကြားခဲ့သည်။
(မောင်အေးချမ်း)


