ရန်ကုန် ၁၆ ဇူလိုင်
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနှင့် မြန်မာနိုင်ငံစာကြည့်တိုက်အသင်းတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်(၁၁၅)တိုက်မှ ကျောင်းစာကြည့်တိုက်မှူးများအား စာကြည့်တိုက်စီမံခန့်ခွဲမှု (အွန်လိုင်း) သင်တန်းကို ဇူလိုင် (၁၆)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်စီမံခန့်ခွဲမှု(အွန်လိုင်း)သင်တန်းတွင် မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ ပညာရှင် ဆရာကြီး၊ ဆရာမကြီးများက ကျောင်းစာကြည့်တိုက်မှူးများအား ဇူလိုင် လ(၁၆)ရက်နေ့မှ (၁၇)ရက်နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်း ၁၁၅ ကျောင်းမှ ကျောင်းစာကြည့်တိုက်မှူး ဆရာများ နှင့်အတူ စာကြည့်တိုက်လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ပေးကြမည့် စေတနာ့ဝန်ထမ်း တက္ကသိုလ် စာကြည့်တိုက်မှူးများ ပြည်သူ့စာကြည့်တိုက်မှူးများ၊ ရပ်ရွာအခြေပြုစာကြည့်တိုက်မှူးများ စုစုပေါင်း(၁၁၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး စာကြည့်တိုက်တစ်တိုက် ဖွဲ့စည်းတည်ထောင်မှုနှင့် စီမံခန့်ခွဲမှုစနစ်များကို စာကြည့်တိုက်ပညာရှင်များက ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေနန်းမေ


