ဟိုပုံး  ၈ ဇွန်

 


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ ကောင်စေတီ ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း(ခွဲ)ကို Cherry Land Bikers (TGI) စက်ဘီးစီးအဖွဲ့နှင့် အလှူရှင်များက စုပေါင်း၍ ကျောင်းဆောင်သစ်ဆောက်လုပ် လှူဒါန်းရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့နှင့် Cherry Land Bikers (TGI) တို့က အုတ်မြစ်စီ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

 

pofjwe

 


ယင်းနောက် ကျောင်းဆောင်သစ် အဆောက်အဦဆောက်လုပ်နိုင်ရေးအတွက် အလှူငွေနှင့် လိုအပ်သည့် အုတ်၊ သဲ၊ ကျောက်နှင့် သွပ်မိုးများကို Cherry Land Bikers(TGI) စက်ဘီးစီးအဖွဲ့နှင့် အလှူရှင်များက ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးဒေါ်အေးအေးဝင်း၊ စငေါကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းကော်မတီဝင်များက လက်ခံရယူကြသည်။

 


အခြေခံပညာမူလတန်း(ခွဲ) ကောင်စေတီကျောင်းကို ကျေးရွာမှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကိုယ်ထူကိုယ်ထကျောင်းအဖြစ် ဖွင့်လှစ်ခဲ့ပြီး၊ ပညာရေးဝန်ကြီးဌာနမှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း(ခွဲ)အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။ 

 


Cherry Land Bikers(TGI) နှင့် အလှူရှင်များက  ၆၀×၃၀ပေ အကျယ်ရှိ တစ်ထပ်ကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းသဖြင့် များစွာဝမ်းသာပီတိဖြစ်ရကြောင်း၊ ကျောင်းဆောင်သစ် အဆောက်အဦအတွက် ကျေးရွာမှလည်း ပံ့ပိ်ုးကူညီမှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ စငေါကျေးရွာအုပ်ချုပ်ရေးမှူးဦးခွန်ပန်းအောင်က ပြောကြားခဲ့သည်။ အဆိုပါကျောင်းတွင် ကျောင်းသားကျောင်းသူ (၂၆)ဦးအား ဆရာမ(၂)ဦးတို့က အခြေခံမူလတန်း ပညာရပ်များအား သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

 


ထက်ထက်(ဟိုပုံး)