သံတောင်ကြီး ၁၉ ဇွန်
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)၊ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးကြည်တိုက် ဦးဆောင်သော နယ်လှည့် ဆေးကုသရေးအဖွဲ့သည် ယနေ့ နံနက် ၉နာရီက သံတောင်ကြီး အ.ထ.က ကျောင်းရှိ မိုးလုံလေလုံ အားကစားရုံအတွင်း၌ ကျောင်းသား ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ကလေးသူငယ်နှင့် ဆေးလိပ်အန္တရာယ် ကာကွယ်ခြင်း၊ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ပွရောဂါ၊ အဆုတ်ကင်ဆာရောဂါ၊ ဆေးလိပ်တွင် ပါဝင်သော ဓါတုဗေဒပစ္စည်းများ၊ ဆေးလိပ်နှင့် ပတ်သက်သည့် မှားယွင်းသော အယူအဆများကို ဟောပြောခဲ့သည်။

ထိုနည်းတူ ကျောင်းရှိ ဆရာ၊ ဆရာမများ ကျောင်းဝန်ထမ်းများအတွက် ရိက္ခာစို၊ သား၊ ငါးများ၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့ရာ ကျောင်းဆရာ ဆရာမများက ဝယ်ယူအားပေးခဲ့ကြသည်။ ယင်းနောက် ဝန်ထမ်းသက်သာ အနေဖြင့် ကြက်ဥတစ်လုံးလျှင် (၁၀ဝ) ကျပ်၊ ကြက်သားတစ်ပိသာလျှင် (၄၃၀ဝ) ကျပ်၊ ဝက်သားတစ်ပိသာလျှင် (၅၀ဝ၀)ကျပ်၊ ငါးခူတစ်ပိသာလျှင် (၅၀ဝ၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)