သံတောင်ကြီး ၁၉ ဇွန် 


တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)၊ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးကြည်တိုက် ဦးဆောင်သော နယ်လှည့် ဆေးကုသရေးအဖွဲ့သည်  ယနေ့ နံနက် ၉နာရီက သံတောင်ကြီး အ.ထ.က ကျောင်းရှိ မိုးလုံလေလုံ အားကစားရုံအတွင်း၌ ကျောင်းသား ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သည်။

 

1


အသိပညာပေးဟောပြောပွဲတွင် ကလေးသူငယ်နှင့် ဆေးလိပ်အန္တရာယ် ကာကွယ်ခြင်း၊  ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ပွရောဂါ၊  အဆုတ်ကင်ဆာရောဂါ၊ ဆေးလိပ်တွင် ပါဝင်သော ဓါတုဗေဒပစ္စည်းများ၊  ဆေးလိပ်နှင့် ပတ်သက်သည့် မှားယွင်းသော အယူအဆများကို ဟောပြောခဲ့သည်။

 

1


ထိုနည်းတူ ကျောင်းရှိ ဆရာ၊ ဆရာမများ ကျောင်းဝန်ထမ်းများအတွက် ရိက္ခာစို၊ သား၊ ငါးများ၊ ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခဲ့ရာ ကျောင်းဆရာ ဆရာမများက ဝယ်ယူအားပေးခဲ့ကြသည်။ ယင်းနောက် ဝန်ထမ်းသက်သာ အနေဖြင့်  ကြက်ဥတစ်လုံးလျှင် (၁၀ဝ) ကျပ်၊ ကြက်သားတစ်ပိသာလျှင် (၄၃၀ဝ) ကျပ်၊ ဝက်သားတစ်ပိသာလျှင် (၅၀ဝ၀)ကျပ်၊ ငါးခူတစ်ပိသာလျှင် (၅၀ဝ၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

    
မြို့နယ်(ပြန်/ဆက်)