ကျောင်းကုန်း ၂၈ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ဒုတိယ(၁၂)လ(၂၀၁၈ အောက်တိုဘာလမှ ၂၀၁၉ စက်တင်ဘာလအထိ) ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အမှတ်(၁)ရပ်ကွက်၊ ရတနာပုံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသည် အရှည် ၁၃၅၀ ပေ၊ အကျယ် ၁၈ ပေ၊ ထုထည်အမြင့် ၈ လက်မဖြင့် "လာဘ်မိုးသဲ" ကုမ္ပဏီမှ တာဝန်ယူခင်းလျှက်ရှိရာ ၈၀% ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် အမှတ်(၁)ရပ်ကွက်၊ ရတနာပုံလမ်း Box Culvert (၃၅ ပေ × ၄ ပေ×၂ ပေ ၆ လက်မ)လုပ်ငန်းက ၁၀ဝ% ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


