ကျောင်းကုန်း ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ဒါးကမြစ်အတွင်းသို့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက် ၈ နာရီခန့်က ပြုလုပ်သည်။
အဆိုပါ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက (၁)လက်မအရွယ်အစား ငါးမြစ်ချင်းကောင်ရေ (၂)သောင်းကို ဒါးကမြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် စုပေါင်းလွှတ်ခဲ့ကြသည်။
ဝင်းကြိုင်(ပြန်/ဆက်)