ကျောင်းကုန်း ၇ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ကျောင်းကုန်းမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနက ကိုဗစ် ၁၉ ကာလစီးပွားရေး ပြန်လည်ကုစားမှုအစီအစဉ်အရ နိုင်ငံတော်အစိုးရမှ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲ အချိန်၌ ကျောင်းကုန်းမြို့နယ်၊ ကံကလေးကျေးရွာတွင်ငါးမွေးတောင်သူ (၁၃)ဦး၏ ငါးမွေးကန် (၇၄၇.၁၀) ဧကအတွက် ငါးသားပေါက်ကောင်ရေ (၁၄၉၄၂၀၀)ကောင်ကို ထောက်ပံ့ပေး အပ်ခဲ့သည်။
အလားတူ နံနက်၈နာရီခွဲအချိန်၌ တံခွန်တိုင်ကျေးရွာတွင် ငါးမွေးတောင်သူ (၁၁)ဦး ၏ ငါးမွးကန်(၇၅.၇၀)ဧကအတွက် ငါးသားပေါက်ကောင်ရေ(၁၅၁၄၀၀)ကောင်တို့ကိုထောက်ပံ့ ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပုသိမ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊နှင့် ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
MDN


