ကျောင်းကုန်း ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမွ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း VDP စီမံကိန်း ကျေးရွာများမှ ကျေးရွာစီမံကိန်းကော်မတီဝင်များ ကျေးရွာ အချက် အလက်နှင့် ငွေစာရင်းပုံစံများဖြည့်သွင်းရာတွင် အခက်အခဲများမရှိစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားေစရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားသော VDP စီမံကိန်း စီမံချက်ရေးဆွဲနည်းနှင့် AVIP ငွေစာရင်း ဖြည့်သွင်းနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၅ရက် နံနက် ၉နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။
ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းတာဝန်ခံဝန်ထမ်းများမှ VDP စီမံကိန်း စီမံချက်ရေးဆွဲနည်းသင်ခန်းစာများနှင့် AVIP ငွေစာရင်းဖြည့်သွင်းနည်းသင်ခန်းစာများ ရှင်းလင်း ဆွေးနွေးသည်။
အဆိုပါသင်တန်းသို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း VDP စီမံကိန်းကျေးရွာ (၁၅)ရွာမှ သင်တန်း သား သင်တန်းသူ (၃၀) အား စီမံကိန်းတာဝန်ခံဝန်ထမ်းများမှ ဇူလိုင် (၂၅)ရက်နေမှ ဇူလိုင် (၂၉)ရက်နေ့ထိ (၅)ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ကျောင်းကုန်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တေဇာလင်း