ကျောင်းကုန်း ၂၉ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်/ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲတို့ COVID-19 ကာလ စည်းကမ်းနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအုန်းကြိုင်က အဖွင့်အမှာစကားပြောကြားပြီး အဖွဲ့ဝင် ကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုလတ်က မိမိတို့ရပ်ကွက်/ကျေးရွာမှာရှိသော မဲရုံအကျယ်အဝန်းများ မေးမြန်းကာ ဆန္ဒမဲပေးမည့်လူဦးရေအရ လိုအပ်သည်များ ပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အတွင်းရေးမှူးတို့က မိမိတို့ ရပ်ကွက် ၊ ကျေးရွာတွင်ရှိသော မဲရုံအကျယ်အဝန်း၊ လျှပ်စစ်မီးရရှိမှု ရှိ/မရှိ၊ ခြံစည်းရိုးများ ကာရံထားမှု ရှိ/မရှိနှင့် ဆန္ဒမဲပေးမည့်သူ မစောင့်ဆိုင်းရအောင် မဲလက်မှတ်ထုတ် ပေးမည့် အဆိုင်းများ ထပ်တိုးဆောင်ရွက်မည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


