ကျောင်းကုန်း ၁၃ ဩဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဒါးကမြစ်ရေသည် ယနေ့နံနက်ပိုင်း တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်သို့ရောက်ရန် သုံးပေခန့်သာ လိုတော့ကြောင်း သိရသည်။

 

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် စိုးရိမ်ရေအမှတ်အထက်သို့ရောက်ရှိ ရေကြီးနစ်မြုပ်ခဲ့သော်လည်း၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင် ဒါးကမြစ်ရေမှာ စိုးရိမ်ရေအမှတ်သို့ မရောက်ရှိပဲယခု ၂၀၂၀ ပြည့်နှစ် ယနေ့တိုင်းထွာချက်အရ (၁၄)ပေနီးပါးသို့ ရောက်ရှိကာ ကျောင်းကုန်းမြို့၏ စိုး‌ရိမ်ရေအမှတ် (၁၇)ပေသို့ ရောက်ရန် သုံးပေခန့်သာ လိုတော့ကြောင်း သိရသည်။

 

ယခုရက်ပိုင်းတွင် လေဖိအား နည်းရပ်ဝန်းဖြစ်ပေါ်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တစ်ပတ်အတွင်း (၄)ပေခန့်မြင့်တက် လာခဲ့တယ်ဟု မြစ်ကမ်းပါးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ဝင်းကြိုင်(ပြန်/ဆက်)