ပန်းတနော် ၇ ဇွန်
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP- Good Animal Husbandry Practice) သင်တန်းကို ယမန်နေ့ နံနက် ၁၁ နာရီက ဒေါဝါးကျေးရွာအုပ်စု ကျုံတုံးကလေးကျေးရွာတွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး ကျင့်စဉ်များကို လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးနိုင်ရန်နှင့် မွေးမြူရေးလုပ်ငန်းမှ မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သိန်းမြင့်က မွေးမြူရေးနှင့် ပတ်သက်သည့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူရေးပညာပေး သင်ခန်းစာများအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ကျုံတုံးကလေးကျေးရွာမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၄၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)