၂၆  ဩဂုတ်

မဲစာရင်းတွင် ပါ၊ မပါနှင့် မဲစာရင်း မှား၊ မမှား လာရောက်ကြည့်ရှုစစ်ဆေးသူများ အလွန်များသည် ဆိုသည့်အချက်သည် ကောင်းမွန်သည့် လက္ခဏာဖြစ်ပါကြောင်း၊ ယင်းအချက်သည် ရွေးကောက်ပွဲအပေါ်တွင် ပြည်သူများ စိတ်ဝင်စားမှုရှိကြောင်း၊ ရွေးကောက်ပွဲ၏အရေးပါမှုကို အသိအမှတ်ပြု နားလည်ကြောင်းကို ပြသခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ဖြင့် ကျင်းပနိုင်မည်ဟု ယုံကြည်ပါကြောင်း။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၅-၈-၂၀၂၀ ရက်နေ့တွင် coVD-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် နေမှုများနှင့်စပ်လျဉ်း၍ စီမံဆောင်ရွက်နေသူများနှင့် အပြန်အလှန်ဆွေးနွေးသတင်းမှ ကောက်နုတ်ချက်)