မန္တလေး  ၁    ဇူလိုင် 


ကျောင်းပြင်ပ မူလတန်း ပညာရေးအတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဇွန် ၃၀ ရက် မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ် ၂၉ လမ်း x လမ်း ၃၀ နှင့် လမ်း ၈၀ ကြားရှိ အထက(၁၅) ကျောင်းခန်းမဆောင်၌ ကျင်းပသည်။


အခမ်းအနားတွင် ကျောင်းပြင်ပမူလတန်း ပညာရေးအတွက် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းလှိုင်နှင့် ဇနီး ဒေါ်မြစန္ဒာဝင်းတို့က အလှူငွေကျပ်(၇၅)သိန်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ စာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာန(MLRC)ဗဟိုညှိနှိုင်းရေးမှူးဦးအေးကြိုင်နှင့်မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှညွှန်ကြားရေးမှူး(ပညာ)ဦးစိုးလွင်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။


ထို့နောက်၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသော ထူးချွန်ကျောင်းသား၊ကျောင်းသူများဖြစ်ကြသည့် မကွေးတိုင်းဒေသကြီးပေါက်မြို့နယ်မှ ဘောဂဗေဒ ဂုဏ်ထူးဆုရ မောင်မျိုးသီဟကျော်၊ မောင်နေလှိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ဆရာလေး ဒေါ်လှယဉ်ထွေး၊ ဆရာလေး ဒေါ်လှိုင်လှိုင်ဝင်း၊ ဆရာလေး ဒေါ်နွေးအိဝင်းတို့အား ဂုဏ်ပြုဆုငွေ(၂)သိန်းကျပ်စီကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ဘိုဘိုဟန်(ပြန်ဆက်)