နေပြည်တော်   ၂၂   ဩဂုတ်

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များကို  ပုဂ္ဂလိကလုပ်ငန်းရှင်များအား အပ်နှံ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ အသိပေးရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမကြီး၌ ပြုလုပ်သည်။

အသိပေးရှင်းလင်းပွဲသို့ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီဉက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေး ဆပ်ကော်မတီ ဉက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးဝင်းမော်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြင်ပ ပုဂ္ဂလိက ပုံနှိပ်လုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ရှေးဉီးစွာ ဆပ်ကော်မတီဉက္ကဋ္ဌများဖြစ်ကြသော ဒုတိယဝန်ကြီး ဉီးအောင်လှထွန်းနှင့် ဦးဝင်းမော်ထွန်း တို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လုပ်ငန်းအပ်နှံဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျောင်းသုံးစာအုပ်များကို ပုံနှိပ်ထုတ်လုပ်ဖြန့်ချိရာတွင် အချိန်မီ၊ အရည်အသွေးမီ ဖြစ်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားကြသည်။

2

ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဒုတိယဉက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်၊ ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေး ဆပ်ကော်မတီအတွင်းရေးမှူး အခြေခံပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးကိုလေးဝင်းနှင့် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချရေး ကော်မတီ အတွင်းရေးမှူး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဉီးစီးဌာန   ခေတ္တညွှန်ကြားရေးမှူးချုပ် ဉီးကိုကိုနိုင် တို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသုံး စာအုပ် များ ပုံနှိပ်ထုတ်လုပ်ဖြန့်ချိရေးနှင့် ပတ်သက်၍ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရာတွင် ပုံနှိပ်၊ ချုပ်လုပ်၊ ထုပ်ပိုး၊ ပို့ဆောင်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်၌ သိရှိလိုက်နာဆောင်ရွက်ရန်အချက်များ၊ စာချုပ်ချုပ်ဆိုရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ပုံနှိပ်လုပ်ငန်းများသို့ လုပ်ငန်းဆောင်ရွက်နိုင်မှုစစ်ဆေးရာတွင် ပါဝင်ပူးပေါင်းဆောင်ရွက် ပေးရမည့်အချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

3

 

ယင်းနောက် တက်ရောက်လာကြသည့် ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး ဆပ်ကော်မတီဉက္ကဋ္ဌများဖြစ်သည့် ဒုတိယဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြားကြသည်။

ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီ ဉက္ကဋ္ဌ ဒုတိယဝန်ကြီး ဉီးအောင်လှထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

(သတင်းစဉ်)