မန္တလေး ၁၅ မေ


ကော်ဖီအရည်အသွေး၊ ဈေးကွက်နှင့် ထိုက်သင့်သော ဈေးနှုန်းရရှိလာစေရေးအတွက် ဒုတိယအကြိမ် ကော်ဖီဖိုရမ်ကို မန္တလေးမြို့ Mercure Mandalay Hill Resort တွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည်။

 

1

 


ဒုတိယအကြိမ်ကော်ဖီဖိုရမ်ကို ဦးစီးဆောင်ရွက်နိုင်သော Coffee Board ဖွဲ့စည်းရေး၊ ကော်ဖီအရည်သွေး၊ ဈေးကွက်နှင့်ထိုက်သင့်သော ဈေးနှုန်းရရှိလာစေရေး၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူများအတွက် ချေးငွေနှင့် အရင်းအနှီးများ ရရှိနိုင်ရေး ဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

1

 


‘ကော်ဖီကဏ္ဍအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းတွေကို ယနေ့ ကော်ဖီဖိုရမ်က ဖော်ထုတ်ရရှိမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ကော်ဖီကဏ္ဍ ဖံ့ဖြိုးတိုးတက်ရေးအတွက်  ခိုင်မာတဲ့လမ်းကြောင်းပေါ်လျှောက်လှမ်းနိုင်ပြီလို့ ပြောနိုင်ပြီဖြစ်ပါတယ်’ ဟု ဒုတိယအကြိမ်ကော်ဖီ ဖိုရမ်တွင် ဒုသမ္မတ ဦးဟင်နရီဗန်ထရီးယူက ပြောသည်။


မြန်မာနိုင်ငံ၏ ကော်ဖီသည် ကော်ဖီစိုက်ပျိုးတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ် တို့နဲ့နှိုင်းယှဉ်ရင် နည်းပညာအားနည်းခြင်း၊ သတင်းအချက်အလက်ဖလှယ်မှု လိုအပ်ချက်များရှိနေခြင်း၊ ကော်ဖီသီးနှံဈေးကွက်ရရှိမှု အားနည်းနေတာကြောင့် ဖွံ့ဖြိုးမှုနောက်ကျ နေသေးကြောင်း သိရသည်။

 

ပြင်ဦးလွင်ဒေသ၊ ရှမ်းပြည်နယ်၊ ရွာငံဒေသမှ ထွက်ရှိသည့် မြန်မာ့အာရေဗီးကား ကော်ဖီသည် ကမ္ဘာ့အဆင့် သတ်မှတ်ခံရပြီး ယခုအခါ ကော်ဖီဈေးနှုန်းသည် သင့်တင့်သည့် ဈေးနှုန်းများ ရရှိလာပြီဖြစ်သည့်အတွက် ပြည်ပဝင်ငွေ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ကော်ဖီစိုက်တောင်သူများ၊ လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်းလာမည်ဖြစ်ကြောင်း ဒုသမ္မတ ဦးဟင်နရီဗန်ထရီးယူက ပြောသည်။ 


မြန်မာနိုင်ငံမှ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့သည့် ကော်ဖီတန်ချိန် ၁.၇ တန်ရှိပြီး ပြည်ပမှ တွင်သွင်းလာသည့် ကော်ဖီသည် တန် ၁၀ဝ ကျော်ခန့်ရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။ ပြည်ပမှ တင်သွင်းလာသည့် အင်းစတန့် ကော်ဖီများကြောင့် ပြည်တွင်း လုပ်ငန်းရှင်များ၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူများ နစ်နာမှုမရှိစေရန် အစိုးရအဖွဲ့မှ ကာကွယ်ပေးစေလိုကြောင်း အကြံပြုကြသည်။


‘မြန်မာနိုင်ငံက တင်ပို့တာ တစ်နှစ်ကို တန် ၃၀ဝ လောက် တင်ပို့တယ်။ နိုင်ငံတွင်းတင်သွင်းတဲ့ Instant ကော်ဖီက ပိုများတဲ့အတွက် နိုင်ငံတော်အနေနဲ့ မြန်မာနိုင်ငံသား ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူတွေအတွက် အဓိက ကာကွယ်ပေးသင့်သလောက် ကာကွယ်ပေးရမှာ ဖြစ်ပါတယ်’ ဟု မြန်မာနိုင်ငံ ကော်ဖီ အသင်းနာယက ဦးရဲမြင့်ကပြောသည်။


မြန်မာနိုင်ငံအတွက် ကော်ဖီအများဆုံး စိုက်ပျိုးသည့် ဒေသမှ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့ဖြစ်ပြီး စိုက်ဧကစုစုပေါင်း ၄၈၀ဝ၀ ကျော်ရှိသည်။


အိမို့မို့ခိုင်