ကော့သောင်း ၂၃ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် ၈ ပေ ၄ ပေ သီခြားပြဘုတ်ဖြင့် ဆေးလိပ်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်က ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
အသိပညာပေး ပြသဆောင်ရွက်မှုတွင် တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေသည့် ကျန်းမားရေး အန္တရာယ်ဖြစ်စေသော ဆေးရွက်ကြီးထွက်ပစ္စည်း သုံစွဲမှုနှင့်ထုတ် လုပ်ဖြန့်ဖြူး ရောင်းချခြင်း အသိပညာပေး လက်ကမ်းစာစောင်နှင့် စာစောင်ပါအကြောင်းအရာများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့်ပတ်သက်၍ လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များ၊ ဆေးလိပ် ဆေးရွက်ကြီးအန္တရာယ်၊ ဆေးလိပ် ဆေးရွက်ကြီးကြောင့် ဖြစ်တတ်သောရောဂါများ၊ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်များ၊ ဆေးရွက်ကြီးများသုံးစွဲလျှင် ကလေးမီးဖွားရာ တွင်ဖြစ်ပေါ် တတ်သည့်အခြေအနေများ၊ အသိပညာပေးကာတွန်းရုပ်ပုံများ နှင့်ရှောင်ရန်၊ ဆောင်ရန် အချက်များကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးပြသ ဆောင်ရွက် ထားကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)