ကော့သောင်း    ၁၄ သြဂုတ် 

           

တနင်္သာရီတိုင်းဒေသကြီး     ကော့သောင်းခရိုင်တွင်  ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ     ကျင်းပနိုင်ရေးအတွက်   လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ အမည်စာရင်း တင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းကို ယနေ့ နံနက်(၁၀)နာရီက ခရိုင်ကော်မရှင် ရုံးတွင် ပြုလုပ်ခဲ့သည်။

 

mdn

 

ရှေးဦးစွာ ကော့သောင်းခရိုင် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်လေးက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ       အောင်မြင်စွာကျင်းပနိုင်ရေးအတွက်     ကော့သောင်းခရိုင်အတွင်းရှိ လွှတ်တော် ကိုယ်စား လှယ်လောင်း အမည်စာရင်း တင်သွင်းလွှာ စိစစ်ခြင်းနှင့်စပ်လျဉ်း၍ ခရိုင် ကော်မရှင် အဖွဲ့ဝင်များမှ  လွှတ်တော်ကိုယ်စားလှယ်များအား စိစစ်ရာတွင်  သတ်မှတ်ထားသည့် အချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားပြီး အဖွဲ့ဝင်များက ကိုယ်စားလှယ်လောင်း တစ်ဦးချင်း စီအား သတ်မှတ်ချက်များနှင့် စိစစ်ခဲ့ကြသည်။

 

ကော့သောင်းခရိုင်တွင် နိုင်ငံရေးပါတီ(၉)ပါတီ  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက်    (၁၀)ဦး၊    အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေရာအတွက်(၁၁)ဦး၊ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နေရာအတွက်   (၁၅)ဦး    ၊  အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နေရာအတွက်  (၁၃)ဦး၊   စုစုပေါင်း ကော့သောင်း ခရိုင်တွင်  လွှတ်တော် ကိုယ်စားလှယ်လောင်း (၄၉)ရှိပြီးအမည်စာရင်းတင်သွင်းလွှာများကို ယနေ့ သြဂုတ် (၁၄) ရက်နေ့မှ (၁၆)ရက်နေ့ အထိ စိစစ်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်ပြန်ဆက်