ကော့သောင်း ဇူလိုင် ၂၈
အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဒီရေတောပင် စိုက်ပျိုးပွဲကို ဇူလိုင် ၂၇ ရက်က ကော့သောင်းမြို့၊ ဘန်းကချွန်ကျေးရွာအုပ်စု၊ ဝဲငယ်ကျေးရွာတွင် ပြုလုပ်ခဲ့ရာ ကော့သောင်းရိုင်နှင့် မြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ NGO အဖွဲ့များ၊ ကျေးလက်ပြည်သူများ တက်ရောက်စိုက်ပျိုးပေးကြသည်။
စိုက်ပျိုးရာတွင် ကော့သောင်းမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဟိန်းထက်အောင်-၂ နှင့် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ NGO အဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ ဒီရေတောဗြူး ခြေထောက်ပင် ၃၀၀၀ ကျော်ကို သတ်မှတ်ထားသည့် ပင်လယ်ဒီရေရောက် ကမ်းခြေတစ်လျှောက် တွင် တစ်ပြိုင်နက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)