ကော့သောင်း ၂၃ မေ
ကော့သောင်းမြို့တွင် တားမြစ်ဆေးနှင့် ကြီးကြပ်ကန့်သတ်ဆေးများရောင်းချမှု မရှိစေရေး ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် အိမ်သုံးဆေးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှု လုပ်ငန်းများအား မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု မြို့နယ်မူခင်းရဲတပ်ဖွဲ့တို့မှ တာဝန်ရှိ ပူးပေါင်းအဖွဲ့ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျှက်ရှိသည့် အိမ်သုံးဆေးဆိုင်များသို့ ကွင်းဆင်းကာ တားမြစ်ဆေးများ၊ မူးယစ်ဆေးအုပ်စုဝင်ဆေးများ၊ ကာမစိတ်ကြွ ဆေးပြားများ၊ ခွင့်ပြုချက်မရှိသည့် ကြီးကြပ်ကန့်သတ်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိမရှိ လိုက်လံစစ်ဆေးပြီး ရောင်းချခြင်းမပြုရန်နှင့် စစ်ဆေးတွေ့ရှိပါက ကျခံရမည့် ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပညာပေး ဆွေးနွေးပြောကြားခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)