ကော့သောင်း ၂၈ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့သို့ ရခိုင်ပြည်နယ်စစ်တွေမြို့ မှ ယမန်နေ့ မွန်းလွဲပိုင်းက ဆိုက်ရောက်လာသည့် ကုန်သင်္ဘောတစ်စင်းအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် သက်ဆိုင်ရာတဝန်ရှိ အဖွဲ့အစည်းများက စနစ်တကျကြပ်မတ် စိစစ်စောင့်ကြည့် ထားရှိကြောင်း သိရသည်။
အဆိုပါ ကုန်တင်သင်္ဘောမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု စိုးရိမ်ဖွယ် ဖြစ်ပေါ် လျှက်ရှိသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မှ ရေယာဉ်မှူးအပါအဝင် သင်္ဘော $2 အမှုထမ်း(၁၉)ဦးဖြင့် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ထွက်ခွာလာခဲ့ခြင်းပြီး ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့ ဆိပ်ကမ်းတွင် ဘိလပ်မြေများ သွားရောက်တင်ဆောင်ရန် ဖြစ်ကြောင်း၊ ဝင်ရောက်လာသည့် ကုန်သင်္ဘောအား ကြိုတင်ရရှိသည့် သတင်းအချက်အလက်များကြောင့် တာဝန်ရှိအဖွဲ့အစည်းများမှ ကော့သောင်းဆိပ်ကမ်းသို့ ဆိုက်ကပ်ခွင့်မပြုဘဲ ပင်လယ်ပြင်အတွင်း ကျောက်ချရပ်နားစေထားပြီး သင်္ဘော $2 အမှုထမ်းများ အားလုံးကို ကမ်းတက်ခွင့်မပြုဘဲ ကုန်သင်္ဘောပေါ်တွင်သာ နေထိုင်စေပြီး ၎င်းတို့၏ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့်အထိ ရောဂါထိန်းချုပ်မှု လုပ်ငန်းများအား အလေးထား ကာ တာဝန်ရှိအဖွဲ့အစည်းများဖြင့်အထူးကြပ်မှတ် စောင့်ကြည့် ထားရှိကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)


