ကော့သောင်း  ဇူလိုင် ၁၃ 

           

ကော့သောင်းမြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက မိုးသည်းထန်ရွာရွာသွန်းပြီး လေပြင်းများ ရုတ်တရက် တိုက်ခတ်မှုကြောင့် ဆယ်မိုင်ကျေးရွာအုပ်စု၊ တာညုံပါဒပင်လယ်ကျေးရွာရှိ လူနေအိမ်ဆောက်အဦး တချို့ အမိုးအကာများပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

             

အဆိုပါနေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့တွင် ရုတ်တရက် လေပြင်းများတိုက်ခတ်လာပြီး မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ကော့သောင်းမြို့ ဆယ်မိုင်ကျေးရွာအုပ်စု၊ တာညုံပါဒကျေးရွာရှိ လူနေ  အိမ် ၃ လုံး ခေါင်မိုးများ လန်ပြီး ပျက်စီးခဲ့ခြင်းဖြစ်သည်။

           

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လူထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း နှင့် ကော့သောင်း ခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ ၏စီစဉ်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် လိုအပ်သည့်ကူညီရှင်းလင်းကယ်ဆယ်မှုလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

   

 ကျော်စိုး(ကော့သောင်း)