မယ်စဲ့  ၂၆   ဇူလိုင် 

 

ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်သည် ဘောလခဲ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်လွင်နှင့် အတူ ယမန်နေ့က မယ်စဲ့မြို့နယ်နှင့် ဖားဆောင်းမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


 ရှေးဦးစွာ ပြည်နယ်ဦးစီးမှူးသည် မယ်စဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားဆွေးနွေးသည်။

 

ဆက်လက်၍ ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် မယ်စဲ့မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အဆောက်အဦ RC နှစ်ထပ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး ကျောက်စုကျေးရွာ လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်ထားမှုအား ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဖားဆောင်းမြို့နယ် ခဲမဖြူကျေးရွာ ရေပေးဝေရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရေးပေးရေး ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် နန်းကစ်ကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်နေသည့် သုသာန်သွားလမ်း အရှည်ပေ၂၀ဝ၀၊ အကျယ်၁၂ ပေ ဖောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ဝတ်ရည်(ပြန်/ဆက်)