ကောလင်း ၈ ဇွန်
    
    
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ကြာအင်းကျေးရွာ အခြေခံမူလတန်းလွန်ကျောင်း၌ ယနေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။ 

 

အခမ်းအနားတွင် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဦးဇော်ဝင်းက ပြည်သူ့စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။

 

ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဆောင်ရွက်နေသော လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ဒေသခံပြည်သူများက မေးမြန်းဆွေးနွေးကြရာ ကုန်ထုတ်လမ်းရရှိရေးအတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က သက်ဆိုင်ရာဌာနသို့ တိုင်းတာတွက်ချက်မှုများဖြင့် တောင်းခံသွားရန်၊ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းပပျောက်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဌက ပြည်သူ့သတင်းပေးစနစ် ဆောင်ရွက်ရေး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဝေမွန်ထက်က ကျွဲ၊ နွားများသေဆုံးမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ဆေးများ ထိုးနှံရေး၊ မျိုးကောင်းမျိုးသန့် မေထုန်မဲ့သားစပ်ခြင်းနည်းဖြင့် ဆောင်ရွက်သွားကြရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ရန်ပုံငွေများ စနစ်တကျသုံးစွဲသွားကြရန်၊ စိုက်ပျိုးရေးဦးစီးဌာနက စပါးအထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးမျိုးများ စိုက်ပျိုးသွားကြရန်၊ စားသုံးသူရေးရာဦးစီးဌာနက သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းနှင့်စားသုံး ခြင်းများ မပြုရန် ဆွေးနွေးခ့သည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းသို့ ဒေသခံပြည်သူ ၁၇၂ ဦး တက်ရောက်ခဲ့သည်။    

 

မြို့နယ်(ပြန်/ဆက်)