ရွှေဘို ၂၈ မေ


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကန်တော်ရိုးကုန်ထုတ်လမ်းအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရုံးချုပ်(နည်းပညာ)အဖွဲ့မှ မေလ၂၇ရက် မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။


အဆိုပါ ပလိုင်းကန်တော်ရိုးကုန်ထုတ်လမ်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးချုပ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝေထွန်း(နည်းပညာ) ဦးဆောင်သောအဖွဲ့သည် ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးမှ လုပ်ငန်းလျာထားဆောင်ရွက် နေမှုများ၊ ကော်မတီအဖွဲ့အစည်းများ၏ အရည်အသွေးစစ်ဆေးမှု အခြေအနေများကိုလည်ကောင်း အောင်ဖြိုးဓနကုမ္ပဏီတာဝန်ခံ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ 


ထို့နောက် ကျေးရွာကုန်ထုတ်လမ်းကော်မတီများနှင့်တွေ့ဆုံ၍ ကုန်ထုတ်လမ်းလက်စွဲမှုဝါဒဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ကုန်ထုတ်လမ်းရေရှည်ကောင်းမွန်စေရေးအတွက် စုပေါင်းထိန်းသိမ်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။


၎င်းကုန်ထုတ်လမ်းကို ၂၀၁၈-၁၉ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေ (၅၅.၄၀)ကျပ်သန်းဖြင့် ကုန်ထုတ်လမ်း(၁၀၈၀ဝပေ × ၁၂ပေ × ၉လက်မ)အား ဂျင်းခင်းခြင်းလုပ်ငန်းကို အောင်ဖြိုးဓနကုမ္ပဏီမှ တင်ဒါစနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်ပြီးစီးသွားပါက လယ်ဧက(၇၁၃)ဧကကို များစွာအကျိုးပြုသွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်သိန်း ထံမှသိရသည်။


ထွန်းမြင့်အောင် (ရွှေဘို)

 

1