ပြည် ၂၆ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် မြို့မအုပ်စု၊ အိုင်းကျောင်းကုန်း ကျေးရွာလယ်ပြင် ကုန်ထုတ် လမ်းဖောက်ရာတွင်ပါ၍ ပျက်စီးခဲ့သော သစ်ပင်များအစား ပြည်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးလက်နေပြည်သူများ ပူးပေါင်းကာ အဆိုပါ လမ်းဘေးဝဲယာ၌ ဇူလိုင် ၂၅ ရက်နေ့တွင် အရိပ်ရ နှစ်ရှည်ပင်များ ဖြစ်သော ကျွန်း ၂၅ ပင်၊ ခရေ ၂၅ ပင်၊ ပိတောက်ပင် ၅၀ စုစုပေါင်း ပျိုးပင် ၁၀၀ တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မင်းမင်းစိုး(ပြန်ဆက်)


