မအူပင်  ၂၆   ဇူလိုင် 


ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း မူလရန်ပုံငွေဖြင့် ကျုံတမာကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာနှင့် ဆားမလောက်ကျေးရွာအုပ်စု၊ ဝါးတောကျေးရွာ တို့တွင် (၄"×၄၀ဝ')စက်ရေတွင်းတူးဖော်ခြင်း၊ စင်မြင့်ရေကန်(၁၀'×၁၀'×၄') တည်ဆောက်ခြင်း၊ ရေစက်ရုံ (၁၀'×၈'×၈')တည် ဆောက်ခြင်း၊ ကျေးလက်ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ဇီးဖြူကျွန်းကျေးရွာအုပ်စု (ထိန်ကုန်း-ညောင်ဝိုင်းကြီး) ကျေးရွာတို့တွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို မအူပင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးဦးထက်အောင်နှင့်ဝန်ထမ်းများသည် ဇူလိုင် ၂၆ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။


အောင်မြင့်မြတ် (မအူပင်)

 

1